Saturday, June 22, 2019

● ငါတို့သည် ခရစ်တော်၏ သံတမန် (WE ARE AMBASSADORS FOR CHRIST) ...


"ငါတို့သည် ခရစ်တော်၏ သံတမန်"
(We are ambassadors for Christ)
အဓိကကျမ်းချက်များ၊- (သုတ္တံ ၁၃း၇၊ မာလ ၂း၇၊ ၂ကော ၅း ၂၀- ၂၁၊ ဧဖက် ၆း ၁၉- ၂၀)။

နိဒါန်း။ 
လောကမှာ ဖြစ်ရပ်မှန် သိခြင်းသည် အလွန် အရေး ကြီးသည့် နည်းတူ လူသည် လည်း ကိုယ့်၏ ဖြစ် ရပ် အမှန် အကန် သိရှိ နားလည်ဖို့ လွန်စွာ အရေးကြီး လေသည်။ ခရစ်ယာန် တိုင်းသည် လည်း ကိုယ်၏ ဖြစ်ရပ်မှန် သိရှိ နားလည် မှသာ ကိုယ့်တန်ဖိုး၊ ကိုယ့် သဘော သဘာဝ နှင့် လုပ်ငန်း တာဝန်၊ ကိုယ် တာဝန် ယူမှုကို အမှန် တကယ် သိရှိ နားလည်ခွင့် ရှိသည့် အလျောက် မိမိ၏ ပန်းတိုင် ကိုလည်း မလွဲ မသွေ ရောက်ရှိ နိုင်ရုံမျှ မက၊ အကျိုး သက်ရောက် မှုများ ကိုလည်း မိမိ၏ လူမှု ၀န်းကျင် မှလည်း သိရှိ ခံစား ရမည် ဖြစ်ပေသည်။

သံတမန် (Ambassador)။
သံတမန်၏ အနက် အဓိပ္ပါယ် သည်၊-
၁)  a person sent to a foreign country to represent his or her own government
     (မိမိ နိုင်ငံ၏ အစိုးရအား ကိုယ်စား ပြု၍ အခြား နိုင်ငံသို့ စေလွှတ်ခြင်း ခံသူ)
၂)  delegate (ကိုယ်စား လှယ်၊ အလုပ် တာဝန် ခွဲဝေ ပေးသည်၊ တာဝန် ပေးသည်)
၃)  representative (ကိုယ်စားပြု တာဝန်ယူ၊ တာဝန်ခံသူ၊ သဘော ထားကို ထင်ဟပ် စေသူ၊ မျိုးပေါင်းစုံ ကိုယ်စား ပြုသူ၊ ရွေးကောက် တင်မြှောက် ထားသော ကိုယ်စား လှယ်တို့ဖြင့် ဖွဲ့စည်းခြင်း)။
၎)  mediator (ပြေလည်မှု ရရှိရန် ဆောင်ရွက် ပေးသူ၊ ပြေလည် စေ့စပ် ပေးသူ၊ ဆက်သွယ် ပေးသူ၊ ကွင်း ဆက် ပုံဖော် ပေးသူ)
၅)  emissary (တမန်၊ ကိုယ်စား လှယ်တော်)
၆)  envoy (တမန်)
၇)  messenger (တမန်၊ ဆက်သား)
၈)  diplomat (နိုင်ငံတော် ကိုယ်စား ပြုလျက် အခြား နိုင်ငံနှင့် စေ့စပ် ပေးသူ)
         
          ခရစ်တော်၏ သံတမန်ဟု ခေါ်ဆိုခြင်း ခံရသူသည် ခရစ်တော်၏ ကိုယ်စား၊ ခရစ်တော်၏ ကိုယ်စား လှယ် အဖြစ်၊ ခွဲခန့်ခြင်း ခံသူဟု ပြန်ဆို ရမည် ဖြစ်ပါသည်။

သံတမန်၏လုပ်ငန်းတာဝန်။
          ကိုယ်စား ပြုသည့် နိုင်ငံ သို့မဟုတ် အဖွဲ့ အစည်း သို့မဟုတ် လူပုဂ္ဂိုလ်၏ စေခိုင်းချက် အတိုင်းသာ ကိုယ် စားပြု တာဝန်ယူ၊ တာဝန်ခံ ရမည် ဖြစ်ပါသည်။ ထို အတိုင်းသာ ပြောဆို၍ ရပ်တည် ပေးရမည် ဖြစ်ပါ သည်။ မိမိဆန္ဒ၊ မိမိအလိုနှင့် အထင် များကို ဖော်ပြ ပြောဆို၊ သက်သေ ခံခြင်း၊ မိတ်ဆက်ခြင်း စသည် တို့အား ပြုလုပ်ခွင့် မရှိဘဲ မိမိ ကိုယ်စား ပြုသည့် နိုင်ငံ၊ အစိုးရ၊ အဖွဲ့ အစည်း၏ ရပ်တည် ချက်နှင့် သဘော သဘာဝ ကိုသာ တာဝန် ခံရမည် ဖြစ်သည်။


ခရစ်တော်၏သံတမန်။
          ခရစ်တော်၏ ကိုယ်စား ခရစ်တော်၏ သဘော သဘာဝ နှင့် ခရစ်တော်၏ အမှုအရာ များကို နှုတ် အား ဖြင့် လည်းကောင်း၊ အပြုအမူ၊ အကျင့် အကြံ အားဖြင့်၎င်း၊ လက်တွေ့ အားဖြင့်၎င်း ဟောပြော သက်သေ ခံသူဟု အဓိပ္ပါယ် ဖွင့်ဆို နိုင်ပါ သည်။ ထိုသို့ သက်သေ ခံရာတွင် အောက်ပါ အချက်များ ကိုပါ ထည့်သွင်းပြီး သက်သေ ခံဖို့ရန် လိုပါသည်။

(၁) ဘုရားနှင့် လူသားကြား ရန်ငြိမ်း စေခြင်း အကြောင်း သက်သေ ခံခြင်း။ အပြစ် များကို ခရစ် တော် အားဖြင့် မှတ် တော် မမူသည့် အကြောင်း၊ ခရစ် တော်ကို ယုံကြည် လက်ခံခြင်း အားဖြင့် ဘုရားက ရန်ငြိမ်း စေ သည့် အကြောင်း နှင့် ထိုသူ တို့နှင့် ဘုရားကြား မိတ်သ ဟာယ ဖွဲ့နိုင် သည့် အကြောင်း ဟောပြော သက်သေ ခံခြင်းဖြင့် သံတမန် အမှု ဆောင် ရွက်ရန်။ ထိုသို့ သက်သေခံ သံတမန် ဖြစ်ဖို့ ကိုယ်တိုင် ဘုရားနှင့် မိတ် သဟာယ ဖွဲ့ဖို့ လိုအပ် ပါသည်။ (ဘုရား သခင်၏ ချစ်ခြင်း မေတ္တာ အကြောင်း - Love dimension)

(၂)ခရစ်တော် အားဖြင့် ဘုရားနှင့် ရန်ငြိမ်း၍ မိတ် သဟာယ ဖွဲ့ခြင်း အားဖြင့် လူသားချင်း အပြန် အလှန် ရန် ငြိမ်း ၍ မိတ် သဟာယ ဖွဲ့နိုင်သည့် အကြောင်း သက်သေခံ ခြင်းဖြင့် သံတမန် အမှု ဆောင်ရွက် ရန်။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့ များနှင့် လက်ရှိ အစိုးရ ကြား ဆောင် ရွက်လျက် ရှိနေ သော ငြိမ်းချမ်း ရေး ဖြစ်စဉ် သည် လူသား အခြေခံ သော ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်ပါက ထာဝရ တည်မြဲ မည်ဟု ယုံကြည်ရန် ခက်ခဲ ပါသည်။ ထာဝရ တည်တံ့ သော ငြိမ်းချမ်းရေး အရှင်နှင့် ငြိမ်းချမ်း ရေး အခြေခံ သည် ဘုရား ကိုယ်တိုင် ဖြစ်ကြောင်း ခရစ်တော်၏ သံတမန် များက ဟောပြော သက်သေ ခံပြီး လက်တွေ့ အကောင် အထည် ဖော်မှု လုပ်ငန်း တွင်လည်း ကဏ္ဍ အသီးသီးမှ ပါဝင်ရမည် ဖြစ်ပါသည်။ ထိုသို့ ပါဝင် ဆောင်ရွက် ရန်လည်း အခြေ အနေက တောင်းဆို နေသည့် အချိန် ကောင်းဖြစ် သည်ဟု လည်း ခံယူရန် လိုအပ်နေ ပေသည်။

(၃)အနစ်နာ ခံလိုသောသဘောဖြင့် ခရစ်တော်၏သံတမန် ဖြစ်ခြင်း။ နက်နဲသော အရာ ဖြစ်သည့် ထိုအမှု အ ရာကို ဖော်ပြ သည့် အခါ နက်နဲသော ဆက်ကပ်မှု၊ အနစ် နာခံ လိုစိတ်ဖြင့် ပေးဆပ်မှု၊ ရဲရင့် စွာ ဟော ပြော သက်သေ ခံဖို့ လိုအပ် ကြောင်း ရှင်ပေါလုက သွန်သင် ထားပါသည်။ သူကိုယ် တိုင်လည်း သံကြိုး ဖြင့် ချည်နှောင် ခြင်းခံသည့် အထိ ပေးဆပ် ကြောင်း၊ ရဲရင့်စွာ ဆက်ကပ် သည့် အတိုင်း ခရစ် တော်၏ သံတမန် များတို့သည် ဟောပြော သက်သေ ခံဖို့ လိုအပ် ပါသည်။

(၄)အပြစ် ကင်းခြင်းမှ အပြစ်ကို ဖော်ထုတ် ဆန့်ကျင်ခြင်း တွင်သံ တမန် ဖြစ်ခြင်း။ ခရစ်တော် အားဖြင့် ဘုရား သ ခင်က အပြစ် ကင်းစေ သည့် နည်းတူ မိမိ၏ အသင်းတော်၊ လူမှု ပတ်ဝန်း ကျင်တွင် အပြစ် ကင်းစေဖို့ လိုအပ် ပါသည်။ ကိုယ်ကိုယ် တိုင် အပြစ် ကင်း လျက် အပြစ် မကျူး လွန်ခြင်း သည် ခရစ် တော်၏ သံတမန် များ၏ အသက် တာတွင် မြင်တွေ့ခြင်း သာမ ဟုတ်ဘဲ၊ မိမိ လူမူ ပတ်ဝန်း ကျင်ရှိ အပြစ် ဒုစရိုက် များ ဖော်ထုတ် ဆန့်ကျင် ဖို့လိုအပ် ပါသည်။ ယနေ့ ကျွန်ုပ်တို့ မှီတင်း နေထိုင် လျက်ရှိ သော လူမှု ပတ်ဝန်း ကျင်၊ အမိ ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် လဒ်ပေး လဒ်ယူမှု၊ အဂတိ လိုက်စား မှု၊ လူမျိုးရေး နှင့် ဘာသာရေး ပဋိပက္ခ ရှိမှု စသည် အားဖြင့် များစွာ သော အပြစ် ဒုစရိုက် သိရှိ မြင်တွေ့ နေဆဲ ဖြစ်ပါ သည်။ ထိုအရာ များအား လုံးမှ ကင်းစင် ဖို့ရန် အတွက် ခရစ် တော်၏ သံတမန် များက ပြောဆို ဖော်ထုတ်၊ ဆန့်ကျင် ဖို့ လိုအပ် ပါသည်။

(၅) အကြမ်း မဖက် မှုဖြင့် အပြစ် ဒုစရိုက်များ ဖော်ထုတ်၊ ဆန့်ကျင်ခြင်း။ ခရစ် တော်၏ သံတမန် သည် အပြစ် ဒု စ ရိုက်များ ဖော်ထုတ် ဆန့်ကျင် သည့် အခါ အကြမ်း ဖက်ခြင်း သဘော ဆောင်သည့် ဆန့်ကျင် မှုမျိုး မ ဟုတ်ဘဲ အကြမ်း မဖက်ခြင်း၊ နူးညံ့ သိမ်မွေ့ စွာဖြင့် ဆန့်ကျင် သည့် လမ်းကြောင်း ကို ရှာဖွေ လိုက် လျှောက်ခြင်း သည် သံတမန် များ၏ သဘော သဘာဝ ဖြစ်ပါ သည်။ မေတ္တာ၊ သစ္စာ၊ စိတ်ရှည် သည်းခံ ခြင်းဖြင့် အမှန် တရားနှင့် သမ္မာ တရားကို ဖော်ထုတ် ရန် ဖြစ်ပါ သဖြင့် မြန်မြန် ဆန်ဆန် အောင်မြင် ရန် ခက်ခဲ တတ် ပါသည်။ အဆုံး တိုင်အောင် သစ္စာ ရှိဖို့ လိုအပ် ပေသည်။ Epicurus က ရှေး ယုံကြည် သူများ သည် သစ္စာ ရှိစွာ အသက် ရှင်ကြပြီး သစ္စာရှိ စွာ ဘုန်းတော် ဝင်စား ကြသည် ဆိုသည့် အတိုင်း စစ်မှန် သော သံတမန်၏ အသက်တာ ကို ဖော်ထုတ် ရန် လိုအပ် ပေသည်။

နိဂုံး။
          ခရစ် တော်၏ သံတမန် များသည် မိမိ ဆန္ဒ၊ မိမိ အလို၊ မိမိ အကျိုး အမြတ် မငဲ့ဘဲ၊ ခရစ် တော်၏ အသက် တာနှင့် လုပ်ဆောင် မှု အတိုင်း ခရစ် တော်ကို ကိုယ်စား ပြုလျက် မိတ်ဆက် သက်ရှင် ဆက်ကပ်ခြင်း အားဖြင့် ဆက်လက် ၍ ရဲရင့်စွာ ပေးဆပ် ကြပါ စို့ဟု တိုက်တွန်း နှိုးဆော် အပ်ပါ သည်။

By Dennis Ngun Thawng Mang